Thursday, May 12, 2016

မိမိဖေ့စ်ဘွတ်အကောင့်ကို အပြီးဖျက်သိမ်းနည်း

မိမိဖေ့စ်ဘွတ်ကို အပြီးပိုင်ဖျက်သိမ်းလိုသူများအတွက် ဘယ်လိုလုပ်ရမလဲဆိုပြီး သူများကို မေးစရာမလိုတော့အောင် နည်းလမ်းလေးတွေ ဖော်ပြပေးလိုက်ပါတယ်။

၁။ ညာဘက်အပေါ်ဘက်ခြမ်းရှိ gear icon အောက်စိုက်မြားလေး နှိပ်ပြီး Help ကို ရွေးပါ။

၂။ Search help ဘားမှာ delete ရိုက်ထည့်ရှာဖွေပြီး ပထမဆုံးပေါ်လာတဲ့ဟာလေးကို နှိပ်ပါ။

၃။ "Let us know" ဆိုတဲ့ link နှိပ်ပြီးနောက် Delete My Account ကို နှိပ်ပါ။

အချက်အလက်တွေ အရံထား backup သိမ်းထားချင်ရင် အောက်ပါအချက်များအတိုင်း သွားပါ။

၁။ အပေါ်ညာဘက်ထောင့်က gear icon မျှားလေး နှိပ်ပြီး Settings ကို ရွေးပါ။

၂။ General Account Settings အောက်မှာ "Download a copy of your Facebook data" link ကို ကလစ်နှိပ်ရပါမယ်။

၃။ မိမိဒေတာအချက်အလက် (ဓာတ်ပုံ၊ ဗွီဒီယို၊ ပို့စ် စတာ) တွေ ဒေါင်းလုဒ်ရယူနိုင်မယ့် ပေ့ခ်ျတစ်ခုဆီ ညွှန်းပေးမယ့် အီးမေးလ်တစ်စောင်ကို စက္ကန့်ပိုင်းအတွင်း လက်ခံရရှိပါလိမ့်မယ်။

Ref: TIME
Trend myanmar

No comments:

Post a Comment