Friday, May 13, 2016

ပြည်တန်ဆာမ ယုံလို့ ပြည်ပျက်ခဲ့ရတဲ့ ဇာတ်တော်


( ပြည်တန်ဆာမ ယုံလို့ ပြည်ပျက်ခဲ့ရတဲ့
ဇာတ်တော်ပါ...။)

ဘုရားဟောဇာတ်တော်လာ ဖြစ်စဉ်အကျဉ်းကတော့....

ပြည့်တန်ဆာမကို ဘုရင်က အမျက်တော်ရှ ...
ရာထူးကချ အဆောင်အယောင်သိမ်းထား ...
အိမ်တော်ကနှင်ချခိုက်...

ပြည့်တန်ဆာမက စိတ်ညစ်ညစ်နဲ့
မနက်ခင်းလမ်းလျှောက်လာ...
ဘုရင့်ပန်းခြံထဲက သစ်ပင်ကြီးတစ်ပင်အောက်မှာ
တောထဲတောင်ထဲ တရားအားထုတ်ပြီးလို့
သမထအောင် ဈာန်အဘိဉာဉ်ရတဲ့ ရသေ့တစ်ပါး ဈာန်ဝင်စားနေခိုက်...
ပြည့်တန်ဆာမက အဝတ်အစားမသပ်မယပ် မုတ်ဆိတ်ကျင်ဆွယ်တွေနဲ့
ညစ်ညစ်ပတ်ပတ်ရသေ့ကိုတွေ့လို့
ကျက်သရေမရှိတဲ့ သူ့ကြောင့် အလုပ်ပြုတ်လာရတာလို့ အထင်မှားပြီး ဆဲဆို တံတွေးနဲ့ထွေးခဲ့...။

ဘုရင်က အမျက်ပြေလို့ ပြည့်တန်ဆာမကို ရာထူးပြန်ပေးတော့...
ရသေ့ကိုဆဲလို့ ကံကောင်းတယ်အထင်ရောက်...

အသုံးမကျတဲ့အရက်သမား ဖါခေါင်းဘုရင်နဲ့
ပညာမရှိ မှူးကြီးမတ်ရာတွေကိုပါအကြံပေးလို့ ...
စစ်တိုက်ထွက်ဖို့ကအစ
နောင်အခက်အခဲကြုံတိုင်း
ပြည်တန်ဆာမအကြံပေးအတိုင်း
ရသေ့ဆီသွား ဆဲရေးတိုင်းထွာ တွံတွေးထွေး အညစ်အကြေးတွေနဲ့လောင်းကြ...

အကြောင်းတိုက်ဆိုင်မှုရှိလို့ အဆင်ပြေအောင်မြင်လေ ...
အမှားကိုအမှန်ထင်ပြီး တပြည်လုံးနီးပါး
တောင်ပြို ကမ်းပြို ဆဲဆို တံတွေးဆွမ်းကြီးလောင်းကြ...။

နောက်ဆုံး သာသနာစောင့်နတ်တွေမနေနိုင်တော့ပြီ..။

သူတော်ကောင်းပြစ်မှားသူတွေကိုဆုံးမဖို့
နိုင်ငံထဲမှာရှိတဲ့ သူတော်ကောင်းတွေကို
ဘေးကင်းရာကိုပြောင်းရွှေ့ပေးပြီး....

ပြည့်တန်ဆာမနဲ့အပေါင်းအပါ သူယုတ်တွေပျော်အောင်
အခါမဲ့မိုးကြီးရွာချလို့...
သူယုတ်မာတွေပျော်ကြ...။

ပြီးတော့ ရတနာမိုးရွာချ...
သူယုတ်မာတွေ အလုအယက်ထွက်ကောက်ကြ...။

အကုန်အိမ်ပြင်ထွက်ပြီဆိုမှ ...
ဒါးမိုး လှံမိုး လက်နက်မိုး...စတဲ့...
တိုင်းပြည်ပျက်သေကြေစေတဲ့မိုးကြီးရွာချလို့ အကုန်သေ ပြည်ပျက်ခဲ့ရတာ ပုံပြင်မဟုတ်ပါ...။
ဘုရားရှင်ကိုယ်တိုင်ဟောကြားတော်မူခဲ့တဲ့ အလောင်းတော်ရသေ့ဖြစ်စဉ်ထဲက အမှန်တကယ်ဖြစ်ခဲ့တာပါ...။

အခုမြန်မာပြည်အခြေအနေပြန်ကြည့်ကြပါဦး...။
မယား ၄ ယောက်လောက်ယူပြီး
သားဖေါက်သာသနာပြုချင်တဲ့သူတွေရယ်...
ပိုက်ဆံတခုတည်းသာကြည့်ပြီး
လူမှုရေးဖေါက်ပြန်ချင်ကြတဲ့ အမျိုးယုတ်တွေရယ်ပေါင်းပြီး
သီလ သမာဓိ ပညာပြည့်စုံတဲ့ ဆရာတော်ကြီးတွေပါတဲ့
မဘသအဖွဲ့ကြီးကို ဆဲဆိုဝေဖန်ပုတ်ခတ်ကြ...
သမထအောင်ထားတဲ့ ကရင်ပြည်နယ်ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့
မြိုင်ကြီးငူဆရာတော်လိုပုဂ္ဂိုလ်မျိုးတောင်မရှောင်
ဆဲဆိုကြတဲ့လူတွေများလာလို့ မကြုံဖူးတဲ့
အခြေအနေတွေ တွေ့ကြုံနေကြရပါပြီ...။

( ဟဲဟိုးဘက်မှာကျသွားတဲ့မိုးသီးတွေက
အချွန်အတက်တွေနဲ့ဆိုဘဲ...။)

အသိတရားလက်ကိုင်ထားပြီး...
သတိရှိရှိနဲ့နေကြပါတော့....။
သူယုတ်တို့အတွက် လာချေပြီ...။

ုမြတ်ဗုဒ္ဓ
Media Group - KPW
Published by Stephen John


.

No comments:

Post a Comment